မြန်မာလူမျိုးများအတွက် ထိုင်းဘာသာစကားသင်တန်း (၁၂လ)

သင်တန်းအကျဥ်းချုပ်
သင်တန်း၏ထူးခြားချက်?
မြန်မာလူမျိုးနှင့် ထိုင်းလူမျိုးဆရာများရှိခြင်း
ကျွန်ုပ်တို့၏ ဆရာ/ဆရာမများသည် ထိုင်းဘာသာကို ထိထိရောက်ရောက် သင်ယူနိုင်စေရန်အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ အကောင်းဆုံးသင်ယူမှုအတွေ့အကြုံများရရှိစေရန်အတွက် ကြိုးစားသွားမည်ဖြစ်ပါသည်။
ဗီဇာဆောင်ရွက်ပေးမည့်သီးသန့်အဖွဲ့ရှိခြင်း
ကျွန်ုပ်တို့၏ ဗီဇာအဖွဲ့သည် ဗီဇာစာရွက်စာတမ်းများ ပြင်ဆင်ရာတွင် ကူညီမည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဗျူရို (Immigration) သို့အတူ လိုက်ပါဆောင်ရွက်ပေးရန်အတွက် (တောင်းဆိုပါက) အသင့်ရှိပါသည်။
အလုပ်အကိုင်များရရှိရန် ကူညီပေးခြင်း
တက်ရောက်မယ့် ကျောင်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များကို လည်း နေ့စဉ်ရှာဖွေပြီး မျှဝေပေးမှာဖြစ်ပါသည်။ Resume၊ အလုပ်အင်တာဗျူးများကို ပြင်ဆင်ခြင်း နှင့် အလုပ်များကို သေချာလျှောက်ထားနိုင်ရန် တူတူလေ့ကျင့်ပေးမှာဖြစ်ပါသည်။
အွန်လိုင်းတွင် အလွယ်တကူလေ့လာနိုင်ခြင်း
စကားပြောလေ့ကျင့်ခြင်းနှင့် သင်ခန်းစာပြန်နွှေးခြင်းအတွက် တစ်ပတ်လျှင် တစ်ကြိမ်သာ ကျောင်းသို့လာရန် လိုအပ်ပါသည်။ အိမ်စာများနှင့် စာမေးပွဲများကို အွန်လိုင်းသင်ခန်းစာများဖြင့် ထိရောက်မှုရှိစွာ ပေးမှာဖြစ်ပါသည်။
ဆရာ/ဆရာမများနှင့် မိတ်ဆက်ပေးခြင်း
ကျွန်ုပ်တို့၏အဖွဲ့သည် ထိုင်းဘာသာစကားကို သင်ကြားပေးရန်နှင့် အလုပ်အကိုင်အခွင့်လမ်းများရရှိစေရန် ကူညီပေးမှာဖြစ်ပါတယ်။
Nang Siri Wann
Thai Teacher
ကျွန်မက ထိုင်းစာသင်ကြားနေတဲ့ အတွေ့အကြုံ ငါးနှစ်ကျော် ရှိပြီး ထိုင်းနှင့် မြန်မာဘာသာစကားကို ကျွမ်းကျင်စွာ တတ်မြောက်ပါတယ်။ ထိရောက်ပြီး တက်ကြွမှုရှိတဲ့ သင်ကြားမှုများနှင့်အတူ စကားပြောစွမ်းရည်၊ သဒ္ဒါနှင့် ဝေါဟာရ တို့ကိုအဓိကထားပြီး ကျောင်းသားများနှင့်ကိုက်ညီမှုရှိအောင် သင်ကြားပေးလျက်ရှိပါတယ်။
ခရီးသွားခြင်းအတွက်ဖြစ်စေ အလုပ်အတွက်ဖြစ်စေ သို့မဟုတ် ကိုယ်တိုင်တိုးတက်မှုအတွက်ဖြစ်စေ သင်ယူမှုများကို မြှင့်တင်နိုင်ရန်နှင့် သင့်ပန်းတိုင်များကို ပံ့ပိုးပေးရန်အတွက် အတန်းချိန်များတွင် စာများသာမက ထိုင်းယဉ်ကျေးမှုဆိုင်ရာ အချက်လက်များကို လည်း မျှဝေပေးလေ့ရှိပါသည်။
Kewalin Ritdet
Thai Teacher & Visa Consultant
ကျွန်မကတော့ ထိုင်းလူမျိုးဖြစ်ပြီး ဘာသာစကားသင်တန်းများကို ရေးဆွဲပြီး ဗီဇာစာရွက်စာတမ်းများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ကျွမ်းကျင်ပါတယ်။ Srinakharinwirot University မှ Educational Measurement and Thai language learning management မှအထူးပြု ဘွဲ့ ရရှိထားပါတယ်။ ပညာရေးသည် အဖိုးတန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်ဟု ယုံကြည်တာကြောင့် သင်ကြားမှုများကို အလုပ်များရရှိအောင် ကူညီပေးရန်အတွက် အံဝင်ခွင်ကျဖြစ်အောင် ပြင်ဆင်ထားပါတယ်။
Tun Panjai
Career Consultant / Job Coach
ကျွန်တော်ကတော့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ ပြောင်းရွှေ့နေထိုင် နေတာ ၁၀ နှစ်ကျော်ရှိပါပြီ။ ကိုယ့်တိုင်အလုပ်ရှာခဲ့တဲ့ အတွေ့အကြုံတွေရှိပြီးတော့ online marketing, content marketing, social media admin, language translation, and activation marketing စတဲ့အတွေ့အကြုံများလည်းရှိပါတယ်။ လူငယ်တွေရဲ့ dream jobs အလုပ်အကိုင်များကို ရရှိဖို့အတွက် ကူညီပေးရန်အသင့်ရှိနေပါတယ်။
Write your awesome label here.
ကျောင်းတည်နေရာ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့
MRT Tao Poon, Exit1, Turn left and you will be the school building with yellow and blue color. No. 494/31, Pracharat Sai 2 Road, Bang Sue District, Bangkok 10800.
FAQ (View All)
မေးလေ့ရှိသောမေးခွန်းများ
ဘဏ်အကောင့်ဖွင့်ရန်အတွက် စာရွက်စာတမ်းတစ်စုံထက်ပို၍ တောင်းနိုင်ပါသလား?
ကျောင်းသား/သူများအား တစ်ဦးလျှင် ဘဏ်အကောင့်အတွက် စာရွက်စာတမ်းတစ်စုံသာ ထုတ်ပေးပါမည်။
ကျောင်းသား ဗီဇာ မရခင် ဗီဇာ ဘယ်နှစ်ရက်ကျန် ရှိဖို့လိုမလဲ?
အနည်းဆုံး ရက် (40) အတွင်းကျန်ရှိရပါမည်။ အကယ်၍ သင့်တွင် ထိုသက်တမ်းမကျန်မရှိပါက လျှောက်လွှာတင်စဉ်အတွင်း အခြား ဗီဇာ အမျိုးအစားများဖြင့် သက်တမ်းတိုးရန် ပြင်ဆင်ထားသင့်ပါသည်။
အလုပ်ရမည်ဟု အာမခံပါသလား?
အလုပ်ရမည်ဟု ကျွန်ုပ်တို့အာမမခံနိုင်ပါ။ ဒါပေမယ့် ၃ လလောက် လေ့လာကြည့်ဖို့လိုအပ်ပါတယ်။ ကျွန်ုပ်တို့၏အဖွဲ့သည် သင့်အား သင်တန်းကာလတစ်လျှောက်လုံး နေ့စဉ် အလုပ်အကိုင်အခွင့်အလမ်းသစ် ၃ ခုကို မျှဝေပေးမှာဖြစ်ပါသည်။
ကျောင်းမှာ အတန်းဘယ်လောက်တက်ရမလဲ?
ကျောင်းတွင် အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် အတန်းတက်ရန် လိုအပ်ပြီး တစ်ပတ်လျှင် 6 နာရီ ဝန်းကျင် အွန်လိုင်းတွင် လေ့လာရန် လိုအပ်ပါသည်။
Visa ဘယ်နှကြိမ် သက်တမ်းတိုးဖို့ လိုသလဲ?
ED VISA သည် ရက် (90) ထက်မပိုသည့်သက်တမ်းရှိတာကြောင့် ကျောင်းသားများ လူဝင်မှုကြီးကြပ်ရေးရုံး (Immigration) သို့ သက်တမ်းမကုန်ခင် (3) ရက်အကြိုသွားရောက်ပြီး သက်တမ်းသွားတိုးသည့်အခါ ရက် (90) ထက်မပိုသည့်ဗီဇာသက်တမ်း ရပါမည်။
နိုင်ငံခြားသားများအတွက် ထိုင်းဘာသာစကားသင်တန်းတွင် အဆင့် (2) ဆင့်နှင့် အင်္ဂလိပ်ဘာသာအခြေခံအဆင့်အပါအဝင် စုစုပေါင်း 11 လ 2 ပတ် ကြာမြင့်မည်ဖြစ်သည်။
အခြေခံအဆင့် (3 လ 3 ပတ်)
အလယ်တန်းအဆင့် (4 လ 3 ပတ်)
သင်တန်းအသစ် (3 လ)
သင်တန်းအသေးစိတ်နှင့် ဗီဇာလျှောက်ထားခြင်းလုပ်ငန်းစဉ်:
ထိုင်းဘာသာအခြေခံအဆင့် (3 လ 3 ပတ်)
ED VISA လျှောက်ခြင်း၊ 2,000 ဘတ် – 2.5 မှ 3 လခန့်အထိ နေထိုင်ခွင့်ရရှိမည်။ 1 ကြိမ်မြောက်သက်တမ်းတိုးခြင်း၊ 1,900 ဘတ် – 1 လ 1 ပတ်ခန့် နေထိုင်ခွင့်ရရှိမည်။
ထိုင်းဘာသာအလယ်အဆင့် (4 လ 3 ပတ်)
2 ကြိမ်မြောက်သက်တမ်းတိုးခြင်း၊ 1,900 ဘတ် – 2 လခန့် နေထိုင်ခွင့်ရရှိမည်။ 3 ကြိမ်မြောက်သက်တမ်းတိုးခြင်း၊ 1,900 ဘတ် – 2 လ 1-3 ပတ်ခန့် နေထိုင်ခွင့်ရရှိမည်။
သင်တန်းအသစ် (အင်္ဂလိပ်ဘာသာအခြေခံအဆင့်) (3 လ)
4 ကြိမ်မြောက်သက်တမ်းတိုးခြင်း၊ 1,900 ဘတ် – 2 လခန့် နေထိုင်ခွင့်ရရှိမည်။ 5 ကြိမ်မြောက်သက်တမ်းတိုးခြင်း၊ 1,900 ဘတ် – 1 လခန့် နေထိုင်ခွင့်ရရှိမည်။
အကျဉ်းချုံးအနေဖြင့်
- ED VISA လျှောက်ခြင်း 1 ကြိမ်၊ သက်တမ်းတိုးခြင်း 4-5 ကြိမ်၊ ခန့်မှန်းခြေ 9,600 – 11,500 ဘတ်ကြား ကုန်ကျနိုင်ပါသည်။ (နိုင်ငံပြင်ပသို့ ထွက်စရာ မလိုပါ)

ကျောင်းသား/သူများဘက်က သင်တန်းမတက်နိုင်ဘူးဆိုရင် ကျောင်းဘက်က ငွေပြန်အမ်းပေးမှာလား?
ပြန်အမ်းငွေမူဝါဒ
1. စာရင်းသွင်းခြင်း သို့မဟုတ် ငွေပေးချေမှုပြီးဆုံးသွားပါက၊ ကျောင်းသား/သူများဘက်မှ စိတ်ပြောင်းသွားသည့်အခြေအနေများတွင် ကျောင်းမှ ပြန်အမ်းငွေကို မပေးဆောင်ပါ။
2. အကယ်၍ ကျောင်းသား/သူများသည် ပညာရေးဝန်ကြီးဌာန (MOE) မှ ခွင့်ပြုချက်ရထားပြီးပြီဖြစ်သော်လည်း ရာဇ၀တ်မှုမှတ်တမ်းကြောင့် သို့မဟုတ် overstay နေထိုင်နေခြင်းကြောင့် ED ဗီဇာ မရပါက သင်တန်းကြေးကို ကျောင်းဘက်မှ ပြန်အမ်းမည်မဟုတ်ပါ။
3. ကျောင်းသား/သူများသည် စာရင်းသွင်းပြီး တစ်နှစ်အတွင်း ၎င်းတို့၏ သင်တန်းကို အချိန်မရွေး စတင်နိုင်ပြီး ကျောင်း၏ အချိန်ဇယားအတိုင်း ပြီးမြောက်ရန် ခွင့်ပြုထားပါသည်။
4. ကျောင်းသား/သူများသည် ကျောင်းမတက်ရောက်နိုင်ပါက ဆွေမျိုးများ၊ သူငယ်ချင်းများ သို့မဟုတ် အခြားသူများထံ ပညာသင်ကြားခွင့်ကို လွှဲပြောင်း၍မရပါ။