မကြာခဏ မေးလေ့ရှိသောမေးခွန်းများ (FAQ)

1. ထိုင်းစာလေ့လာရင် ထိုင်းမှာ တနှစ် Visa ရဖို့ စုစုပေါင်းကုန်ကျစရိတ်က ဘယ်လောက်လဲ?

ဒီlinkမှ တဆင့် တနှစ်သင်တန်း‌ကြေးကို ကြည့်ရှုနိုင်ပါသည်။
https://www.helpgetjob.com/course/learn-thai-course-for-12-months-myan

Visa သက်တမ်းတိုးဖို့အတွက် ကုန်ကျစရိတ် (2)မျိုး ရှိပါသည်။
1. ပထမဆုံးအကြိမ် Immigrationရုံးသို့ ဘတ်2000 ကုန်ကျမှာဖြစ်ပြီး နောက်ကြိမ်ဗီဇာသက်တမ်းတိုးရင် တစ်ကြိမ် ဘတ်1900 သာကုန်ကျပါသည်။
2. ကျောင်းဘက်မှ Visaလိုက်လုပ်ပေးရမယ်ဆိုရင် ဝန်ဆောင်ခအနေဖြင့် တကြိမ် ဘတ်1500 ‌ကျသင့်မှာပါ။ (serviceမယူရင်မပေးရပါ)

2. ကျောင်းအပ်မယ်ဆိုရင် Visaသက်တမ်းဘယ်လောက်ကျန်ရမလဲ ?

ကျောင်းအပ်သည့်နေ့မှ အနည်းဆုံး ရက်(40) အတွင်းကျန်ရှိရပါမည်။ တကယ်လို့ VISA ရက်ကျန် မလုံလောက်ပါကမစိုးရိမ်ပါနဲ့ Facebook message မှတစ်ဆင့် တိုင်ပင်မေးမြန်းနိုင်ပါသည်။

3. Visaရမည်ဟု အာမခံပါသလား?

အပြည့်အဝတော့ အာမမခံပါဘူး ဘာလို့လဲဆိုတော့ VISA ထုတ်ပေးပိုင်ခွင့်ရှိသူက Immigrationကြီးကြပ်ရုံး(လဝက) သာဖြစ်တဲ့တွက်ပါ။
ဒီကိစ္စက နိုင်ငံတော်လုံခြုံရေးနဲ့ဆိုင်ပါသည်။ ဒါကြောင့် ဗီဇာရရှိမယ်လို့ အပြည့်အဝအာမမခံနိုင်ပါ။ ကျောင်းသားအများစု

ED VISA (Immigration‌‌ပြောဆိုချက်အရ 95%)ရရှိပါသည်၊ မရရှိနိုင်သည့် အကြောင်းအရင်းများ - 
 - ရာဇ၀တ်မှု ရှိခြင်း
 - ရက်လွန်နေထိုင်သည့် ရာဇ၀င်ရှိခြင်း
 - ထိုင်းစာကို အမှန်တကယ် မလေ့လာကြသူများ (သက်တမ်းတိုးသည့်ချိန်တွင် အင်တာဗျူးရှိသောကြောင့်)၊
 - visaသက်တမ်းတိုးသည့်ချိန်မှာ ထိုင်းစကားမပြောတတ်ရင် (သက်တမ်းတိုးသည့်ချိန်တွင် အင်တာဗျူးရှိသောကြောင့်ပါ)၊
**ကျောင်းဘက်မှ လိုအပ်သည့်စာရွက်စာတမ်းများပြင်ဆင်ပေးပြီး Immigration‌‌နှင့် အင်တာဗျူးအ‌ဖြေတွက် (အခမဲ့)ကူညီပေးပါသည်။ 

4. ဘယ်လို Visaဝန်ဆောင်မှုတွေ ပေးပါသလဲ?

 1) ED VISA တွက် လိုအပ်သည့်စာရွက်စာတမ်းနှင့် သက်တမ်းတိုးဖို့တွက် (အခမဲ့)လမ်းညွှန် ပေးပါသည်။
 2) ED VISA လျှောက်လွှာစာရွက်စာတမ်းများကို ပြင်ဆင်ပြီး လူဝင်မှုကြီးကြပ်ရေးအရာရှိများနှင့် အင်တာဗျူးဖြေဆိုရန် (အခမဲ့) လေ့ကျင့်ပေးပါမည်။
 3) ED VISA သွားပြောင်းတဲ့ချိန်မှာ ကျောင်းဘက်က Immigration‌‌သို့လိုက်လုပ်ပေးရမယ်ဆိုရင် တစ်ကြိမ် ဘတ်1500 ကျသင့်ပါမည်။ (serviceမယူရင်မပေးရပါ)

5. သင်တန်းကျောင်းတွင် မည်သူတွေတက်လို့ရပါသလဲ?

အသက် 15 နှစ်မှ 50 နှစ်ကြားရှိသူများ နှင့် Tourist VISA ဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ထားသူဖြစ်ရပါမည်။

6. တစ်ပတ်ကို ဘယ်နှစ်ခါ ကျောင်းလာရမလဲ ပြီးတော့ တစ်ပတ်ကို စာလုပ်ဖို့ အချိန်ဘယ်လောက်ပေးရမလဲ

ကျောင်းသားများ တပတ်တွင် စုစုပေါင်း (8) နာရီ စာလေ့လာရမှာပါ၊ Onlineမှ (6) နာရီ စာလေ့လာရမှာဖြစ်ပြီး ကျောင်းသို့တပတ်မှာ (2)နာရီ လာတက်‌‌ရောက်ရမှာဖြစ်ပါသည်။
 - Onlineမှ စာလေ့လာရာတွင် ကျောင်းသား အဆင်ပြေသည့်ရက်နှင့်အချိန်ကို ရွေးချယ်ပြီး တပတ် (6) နာရီပြည့်‌အောင်လေ့လာရပါမည်။
 - ကျောင်းသို့ လာရောက်သင်ကြားရာတွင်လည်း ကျောင်းတွင် တရက် (2) နာရီ လာရောက်လေ့လာရမှာဖြစ်ပြီး လက်ခံဖွင့်လှစ်သည့် နေ့ရက်နှင့်အချိန်ကို အက်မင်းထံ ထပ်မံစုံစမ်းမေးမြန်းနိုင်ပါတယ်။

7. ကျောင်းအပ်သည့်နေ့တွင် မည်သည့်စာရွက်စာတမ်းများ ပြင်ဆင်ရန်လိုအပ်သနည်း?

1) နိုင်ငံကူးလက်မှတ်
*** သင်တန်းလျှောက်ထားသူအနေဖြင့် ပထမဦးဆုံး Tourist Visa (TR) လျှောက်ထားသင့်ပြီး
      သင်တန်းလျှောက်သည့်နေ့ကစပြီး နေထိုင်ခွင့် 40 ရက် ကျန်ရှိနေရပါမည်။ ***
2) 3*4 cm (1.5 လက်မ) 15 ပုံ *နောက်ခံက အဖြူရောင်သာဖြစ်ရပါမည်*
3) 4*6 cm (2 လက်မ) 10 ပုံ *နောက်ခံက အဖြူရောင်သာဖြစ်ရပါမည်*
4) ထိုင်းလိပ်စာအထောက်အထား (TM 30) ** လက်ရှိနေသည့်လိပ်စာနှင့် (TM 30) ထဲကလိပ်စာ တူညီရမည်။ ** 

8. ED VISA လျှောက်ထားရန် ဘယ်အဆင့်တွေလုပ်ဆောင်ရမလဲ?

1) ထိုင်းပညာမှူးရုံးမှ ED VISA ပြောင်းခွင့်ကျလာရင် ကျောင်းသားများ Immigration တွင် ED VISA သွားရောက်လျှောက်ထားရန် (သွားရောက်လျှောက်ထားသည့်နေ့မှ 15 ရက်အတွင်း ရလဒ်များကို စောင့်ရမှာပါ)
2) ED VISA လျှောက်ထားရန် လမ်းညွှန်ချက်ကို link တွင် ကြည့်ပါ။"

9. မြန်မာလူမျိုး (အမျိုးသား)များ ထိုင်းနိုင်ငံတွင် Non-Ed သို့မဟုတ် ED ဗီဇာလျှောက်ထားနိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်ရှင့်၊ လူဝင်မှုကြီးကြပ်ရေး (Immigration) သည် မည်သည့်ကိစ္စတွင်မဆို ED VISA လျှောက်လွှာများကို ပယ်ဖျက်ခြင်း သို့မဟုတ် ကင်းလွတ်ခွင့်ပြုကြောင်း ကြေညာခြင်းမရှိသေးပါ။
မြန်မာအမျိုးသားများအတွက် ED VISA တောင်းခံမှုကို ပယ်ဖျက်ခြင်းသည် ကျောင်းတစ်ခုစီ၏ ဆုံးဖြတ်ခွင့်/အခြေအနေတွင်သာဖြစ်ပါသည်။

10. VISAသက်တမ်းဘယ်လောက်ရှိလဲ၊ ပြီးတော့ နောက်ထပ်VISAသက်တမ်းတိုးဖို့ ဘယ်လိုလုပ်ရမလဲ?

ED VISA သည် ရက်ပေါင်း 90 (3 လ) ထက်မပိုသော သက်တမ်းဖြစ်သောကြောင့် ကျောင်းသားမှ သင်တန်းများ ပြီးဆုံးသည်ထိ VISA သက်တမ်းတိုးရပါမည်။
ထို့ကြောင့် သက်တမ်းတစ်ကြိမ်တိုးရင် ရက် 90 ထက်မပိုသည့်သက်တမ်းရပါမည်၊ အင်္ဂလိပ်စာသင်တန်းဆက်တက်လျှင် နောက်ထပ်တစ်နှစ်နေထိုင်နိုင်ရန် ဗီဇာလျှောက်ထားနိုင်ပါသည်။

11. အင်္ဂလိပ်စာသင်တန်းရှိလား။ အင်္ဂလိပ်စာလေ့လာပြီး ဗီဇာရနိုင်ပါသလား?

- အင်္ဂလိပ်စာသင်တန်းများ (အွန်လိုင်းသင်တန်း) ရှိပါတယ်၊ အသေးစိတ်အချက်အလက်များကို လေ့လာနိုင်ပြီး လက်ရှိသင်တန်းဈေးနှုန်းများကို ကြည့်ရှုနိုင်ပါသည်။
ဒီလင့်ခ်မှာပါ၊  www.helpgetjob.com
- အင်္ဂလိပ်စာသင်တန်းများအတွက် ဒီအတန်းကိုစီစဉ်နေဆဲဖြစ်ပြီး လာမည့်အနာဂတ်ချိန်မှာ ED VISA လျှောက်ထားနိုင်မှာဖြစ်ပါတယ်၊ ဘယ်မှာနေနေ ဘယ်အချိန်မဆို အဆင်ပြေပြေနဲ့ Online ရော On-site ပါ တက်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။

12. ကျောင်းက ဘယ်အချိန်ထိလျှောက်လို့ရလဲ စျေးနှုန်းပြောင်းလဲမှုရှိလား?

သင်တန်းကြေး pomotion ဈေး 31,500 ဘတ် ဖြစ်ပါသည်။

13. လူဝင်မှုကြီးကြပ်ရေး(Immigration)မှာ ဗီဇာသက်တမ်းတိုးတဲ့အခါ ထိုင်းဘာသာဖြင့် အင်တာဗျူးရမှာလား?

ED VISA ကို ပထမဆုံးအကြိမ် လျှောက်တဲ့အခါ ထိုင်းဘာသာဖြင့် အင်တာဗျူးမရှိပါ။ ဒါပေမယ့် နောက်တကြိမ် ဗီဇာသက်တမ်းတိုး (Extension)ပါက ကျောင်းသားများ ထိုင်းဘာသာစကားကို အမှန်တကယ်လေ့လာထားခြင်း ရှိ၊ မရှိ စစ်ဆေးရန် အင်တာဗျူးတစ်ခု ပြုလုပ်မည်ဖြစ်ပါသည်။
အဲ့အတွက် စိတ်ပူစရာမလိုပါဘူး။ ကျောင်းဘက်မှ လိုအပ်သည့်စာရွက်စာတမ်းပြင်ဆင်ပေးပြီး လူဝင်မှုကြီးကြပ်ရေးအရာရှိနှင့် အင်တာဗျူးအတွက် (အခမဲ့) ကူညီပေးပါမည်။

14. သင်တန်းကြေးကို ဘယ်လမ်းကြောင်းမှပေးချေရမလဲ?

ငွေပေးချေမှုကို အောက်ပါနည်းလမ်း 3 မျိုးဖြင့် ပြုလုပ်နိုင်ပါသည်။
 1) ငွေသား (ဘတ်ငွေသာ ကျောင်းတွင်ငွေပေးချေခြင်း)
 2) credit card
 3) mobile banking

15. အရစ်ကျပေးချေနိုင်ပါသလား?

ဝမ်းနည်းပါသည်၊ အရစ်ကျမရနိုင်သေးပါ။

16. စာရွက်စာတမ်း အဆင်သင့်မဖြစ်သေးရင် သင်တန်းကြေးကို အရင်ပေးချေလို့ရမလား?

ဟုတ် ရပါတယ်၊ ဒါပေမယ့် အရင်ဆုံး ကျောင်းသားဘက်မှ နိုင်ငံကူးလက်မှတ် နှင့် အချက်အလက်ကို ပေးရပါမည်။

17. ပထမဆုံးသင်တန်းဘယ်တော့စမှာလဲ?

Saturday 15th June 2024 at 1:00 - 3:00 pm.

18. မြန်မာနိုင်ငံကနေ သင်တန်းတက်ဖို့ လျှောက်ထားနိုင်ပါသလား?

နိုင်ငံခြားသားများအတွက် ထိုင်းဘာသာစကားသင်တန်းကို မြန်မာနိုင်ငံမှ လျှောက်ထားနိုင်ပါသည်။ ဒါပေမယ့် ED VISA လျှောက်ထားရာတွင် မြန်ဆန်ချင်တယ်ဆိုရင်တော့ ကျောင်းသားကိုယ်တိုင် ကျောင်းသို့လာရောက်လျှောက်ထားသင့်ပါသည်။

19. HelpGetJob သည် အခြားကျောင်းများနှင့် မည်သို့ကွာခြားသနည်း?

 1) ကျောင်းသားများအား ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို အလုပ်ရှာနိုင်ရန် သင်ကြားပေးပါမည်။ ထိုင်းနိုင်ငံတွင် blue collarအလုပ်ဖြင့် စတင်လုပ်ကိုင်နိုင်ပြီး
 2) အွန်လိုင်း VDO class လေ့လာ‌ရေးစနစ်၊ အိမ်စာ နှင့် စာမေးပွဲစစ်ဆေးမှုများကို အွန်လိုင်းသင်ယူလေ့လာဖြေကြားရမှာဖြစ်ပြီး ကျောင်းကို တစ်ပတ် ၁ ကြိမ် လာတက်ရောက်ရပါမည်။
 3) ကျောင်းရဲ့visionကတေ့ ""Giving Never Ends"" လူမှုအသိုင်းအဝိုင်းကို တည်ဆောက်ပြီး ကျောင်းသားများကို သင်ကြားခြင်းဖြင့် လူများစွာကို အလုပ်အကိုင်ရရှိစေရန် ကူညီပေးပါမည်။ အလုပ်ရရုံတင်မက အလုပ်အကိုင် အခွင့်အလမ်းတွေပါ ဖန်တီးပေးပါမည်။ (စီးပွားရေးတည်ဆောက်ရေးသင်တန်း)

20. Non ED/ED Visaကို ဘယ်အချိန်မှာ ရမလဲ?

ED VISA လျှောက်ထားပြီးနောက် 15 ရက်

21. Visa ဘယ်နှကြိမ် သက်တမ်းတိုးဖို့ လိုသလဲ?

ED VISA သည် ရက် (90) ထက်မပိုသည့်သက်တမ်းရှိတာကြောင့် ကျောင်းသားများ လူဝင်မှုကြီးကြပ်ရေးရုံး (Immigration) သို့ သက်တမ်းမကုန်ခင် (3) ရက်အကြိုသွားရောက်ပြီး သက်တမ်းသွားတိုးသည့်အခါ ရက် (90) ထက်မပိုသည့်ဗီဇာသက်တမ်း ရပါမည်။ 
နိုင်ငံခြားသားများအတွက် ထိုင်းဘာသာစကားသင်တန်းတွင် အဆင့် (2) ဆင့်နှင့် အင်္ဂလိပ်ဘာသာအခြေခံအဆင့်အပါအဝင် စုစုပေါင်း 11 လ 2 ပတ် ကြာမြင့်မည်ဖြစ်သည်။

အခြေခံအဆင့် (3 လ 3 ပတ်) 
အလယ်တန်းအဆင့် (4 လ 3 ပတ်)
သင်တန်းအသစ် (3 လ)

သင်တန်းအသေးစိတ်နှင့် ဗီဇာလျှောက်ထားခြင်းလုပ်ငန်းစဉ်:
 
ထိုင်းဘာသာအခြေခံအဆင့် (3 လ 3 ပတ်) 
ED VISA လျှောက်ခြင်း၊ 2,000 ဘတ် – 2.5 မှ 3 လခန့်အထိ နေထိုင်ခွင့်ရရှိမည်။
1 ကြိမ်မြောက်သက်တမ်းတိုးခြင်း၊ 1,900 ဘတ် – 1 လ 1 ပတ်ခန့် နေထိုင်ခွင့်ရရှိမည်။

ထိုင်းဘာသာအလယ်အဆင့် (4 လ 3 ပတ်) 
2 ကြိမ်မြောက်သက်တမ်းတိုးခြင်း၊ 1,900 ဘတ် – 2 လခန့် နေထိုင်ခွင့်ရရှိမည်။
3 ကြိမ်မြောက်သက်တမ်းတိုးခြင်း၊ 1,900 ဘတ် – 2 လ 1-3 ပတ်ခန့် နေထိုင်ခွင့်ရရှိမည်။

သင်တန်းအသစ် (အင်္ဂလိပ်ဘာသာအခြေခံအဆင့်) (3 လ) : ညှိနှိုင်းနေဆဲဖြစ်သည်။
4 ကြိမ်မြောက်သက်တမ်းတိုးခြင်း၊ 1,900 ဘတ် – 2 လခန့် နေထိုင်ခွင့်ရရှိမည်။
5 ကြိမ်မြောက်သက်တမ်းတိုးခြင်း၊ 1,900 ဘတ် – 1 လခန့် နေထိုင်ခွင့်ရရှိမည်။

အကျဉ်းချုံးအနေဖြင့် -
ED VISA လျှောက်ခြင်း 1 ကြိမ်၊ သက်တမ်းတိုးခြင်း 4-5 ကြိမ်၊ 
ခန့်မှန်းခြေ 9,600 – 11,500 ဘတ်ကြား ကုန်ကျနိုင်ပါသည်။ (နိုင်ငံပြင်ပသို့ ထွက်စရာ မလိုပါ)

22. ED VISA မရပါက ကျောင်းမှ VISA ကြေးကို ပြန်အမ်းပေးပါသလား?

လူဝင်မှုကြီးကြပ်ရေး(Immigration) မှ ED VISA တောင်းခံမှု အခြေအနေများအရ ကိစ္စတခုခု‌ကြောင့် VISAမရခဲ့ပါက ငွေပြန်အမ်းပေးမည်မဟုတ်ပါ။
ဒါပေမယ့် ကျောင်းဘက်မှဝန်ဆောင်မှုယူထားရင် (1,500 ဘတ်) ပြန်အမ်းပါမည်။

 * ကျောင်းသားအများစုသည် ED VISA (လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ အဆိုအရ 95%) ကိုရရှိကြသော်လည်း မရရှိသူများမှာ...
 - သူတို့မှာ ရာဇ၀တ်မှု ရာဇဝင်ရှိများမှာ
 - သူတို့မှာ over stay(ရက်ကျော်)နေထိုင်တဲ့ ရာဇဝင်ရှိများမှာ ဒီရာဇဝင်ရှိလျှင် ED VISAမရနိုင်ချေများပါသည်။

23. ED VISA မရပါက ကျောင်းမှ သင်တန်းကြေး ပြန်အမ်းပေးပါသလား?

ပထမချက် - ပညာရေးဝန်ကြီးဌာန မှ ကျောင်းသားများကို ကျောင်းတက်ခွင့်မပြုသည့်အကြောင်းရင်းက ကျောင်းရဲ့ အမှားကြောင့်ဖြစ်ခဲ့လျှင် သင်တန်းကြေး ပြန်အမ်းပါမည်။
ဒုတိယချက် - ပညာရေးဝန်ကြီးဌာန မှ ကျောင်းသားလက်ခံခြင်းကို အတည်ပြုသော်လည်း ကျောင်းသားများ (ရာဇ၀တ်မှု မှတ်တမ်းရှိခြင်း သို့မဟုတ် overstayဖြစ်ဖူးခြင်း)ကြောင့် ED VISA လျှောက်လွှာ ငြင်းပယ်ခဲ့လျှင် ငွေပြန်အမ်းပေးမည်မဟုတ်ပါ။

24. ကျောင်းသား/သူများဘက်က သင်တန်းမတက်နိုင်ဘူးဆိုရင် ကျောင်းဘက်က ငွေပြန်အမ်းပေးမှာလား?
ပြန်အမ်းငွေမူဝါဒ

ပြန်အမ်းငွေမူဝါဒ (Refund Policy)

  1. စာရင်းသွင်းခြင်း သို့မဟုတ် ငွေပေးချေမှုပြီးဆုံးသွားပါက၊ ကျောင်းသား/သူများဘက်မှ စိတ်ပြောင်းသွားသည့်အခြေအနေများတွင် ကျောင်းမှ ပြန်အမ်းငွေကို မပေးဆောင်ပါ။
  2.  အကယ်၍ ကျောင်းသား/သူများသည် ပညာရေးဝန်ကြီးဌာန (MOE) မှ ခွင့်ပြုချက်ရထားပြီးပြီဖြစ်သော်လည်း ရာဇ၀တ်မှုမှတ်တမ်းကြောင့် သို့မဟုတ် overstay နေထိုင်နေခြင်းကြောင့် ED ဗီဇာ မရပါက သင်တန်းကြေးကို ကျောင်းဘက်မှ ပြန်အမ်းမည်မဟုတ်ပါ။
  3. ကျောင်းသား/သူများသည် စာရင်းသွင်းပြီး တစ်နှစ်အတွင်း ၎င်းတို့၏ သင်တန်းကို အချိန်မရွေး စတင်နိုင်ပြီး ကျောင်း၏ အချိန်ဇယားအတိုင်း ပြီးမြောက်ရန် ခွင့်ပြုထားပါသည်။
  4. ကျောင်းသား/သူများသည် ကျောင်းမတက်ရောက်နိုင်ပါက ဆွေမျိုးများ၊ သူငယ်ချင်းများ သို့မဟုတ် အခြားသူများထံ ပညာသင်ကြားခွင့်ကို လွှဲပြောင်း၍မရပါ။

25. ဘဏ်အကောင့်ဖွင့်ရန်အတွက် စာရွက်စာတမ်းတစ်စုံထက်ပို၍ တောင်းနိုင်ပါသလား?

ကျောင်းသား/သူများအား တစ်ဦးလျှင် ဘဏ်အကောင့်အတွက် စာရွက်စာတမ်းတစ်စုံသာ ထုတ်ပေးပါမည်။